ပြင်သစ်နိုင်ငံမှာ အသွားအလာကန့်သတ်မှု ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြီးဆုံးမယ်

၂၅ နိုဝင်ဘာ

 

ပြင်သစ်နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသွားအလာကန့်သတ်မှု ထုတ်ပြန်ထားရာ အဲဒီအမိန့်ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပြီး လာမယ့် စနေနေ့က စပြီး ဆိုင်တွေ ပြန်ဖွင့်ခွင့် ပေးနိုင်မယ်လို့ သမ္မတ အီမန်နျူရယ် မက်ခရွန် က ရုပ်မြင်သံကြားကနေ အင်္ဂါနေ့ ရုပ်မြင်သံကြား ကနေ ပြောကြားပါတယ်။

 

သမ္မတ မိန်းခွန်းမပြောခင် နာရီပိုင်းအလိုမှာ  ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၅၈ ဦး သေဆုံးကြောင်း ထုတ်ပြန်ရာ သေဆုံးသူ စုစုပေါင်း ၅၀,၂၃၇ ဦးရှိကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းရဲ့ ပိုးကူးစက်မှု အမြင့်ဆုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရှိခဲ့ကြောင်း၊ ပိုးတွေ့သူအရေအတွက် နဲ့ ဆေးရုံတက်ရောက်သူအရေအတွက် ကျဆင်းလာကြောင်း တွေ့ရပေမယ့် သေဆုံးသူအရေအတွက်ကတော့  အပြောင်းအလဲမရှိသေးတာကို တွေ့ရကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

 

သမ္မတရဲ့ မိန့်ခွန်းထဲမှာ တတိယအကြိမ် အသွားအလာကန့်သတ်မှု မလုပ်ရအောင် မျက်နှာဖုံးဝတ်ဆင်ရေးနဲ့ ပိုးကူးစက်နိုင်ခြေများသူတွေအား ကာကွယ်ပေးခြင်းအားဖြင့် ဝိုင်းဝန်းလုပ်ဆောင်ရန် ဆော်ဩထားပါတယ်။

 

အောက်တိုဘာလကုန်ပိုင်းက ထုတ်ပြန်ထားသော အသွားအလာကန့်သတ်မှုဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် တစ်နိုင်ငံလုံးမှာ ညမထွက်ရအမိန့် (ည ၉ နာရီ-နံနက် ၇ နာရီ) အထိ ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ညမထွက်ရအမိန့်ဟာ ခရစ္စမတ် အကြိုနေ့နဲ့ နှစ်သစ်ကူးအကြိုနေ့မှာတော့ ရုပ်သိမ်းမယ်လို့ သိရပါတယ်။

 

ခရစ္စမတ်ကာလအတွင်းမှာ ကန့်သတ်မှုမရှိဘဲ ခရီးသွားနိုင်ခွင့် ရှိကြောင်း သမ္မတ မက်ခရွန်က ပြောပါတယ်။

 

ဒီဇင်ဘာ ၁၅ ရက်နေ့စပြီး ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံတွေနဲ့ ပြတိုက်တွေ ပြန်ဖွင့်ခွင့် ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်း နေအိမ်တွေကနေ ကီလိုမီ ၂၀ (မိုင် ၁၂.၄) အတွင်း သွားလာခွင့်နဲ့ တစ်နေ့ကို ၃ နာရီအထိ အပြင်ထွက်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နေအိမ်ကနေ ၁ ကီလိုမီတာ နဲ့ တစ်နာရီသာ ထွက်ခွင့်ရှိကြောင်း  သိရပါတယ်။

 

ဇန်နဝါရီ ၂၀ ရက်နေ့မှာ တော့ စားသောက်ဆိုင်တွေနဲ့ အထက်တန်းကျောင်းတွေကို ပြန်ဖွင့်ပေးဖို့ ရည်မှန်းထားပေမယ့် နေ့စဉ် ပိုးတွေ့ရှိသူ ၅,၀၀၀ အောက်ရှိရန် လိုအပ်ကြောင်း သမ္မတ က ဆက်ပြောပါတယ်။

 

MDN

ကိုးကား - AFP