ပြင်သစ်အသင်းဟာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၂ ရက် ညပိုင်းက အီတလီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ သရေရလဒ်သာထွက်ပေါ်ခဲ့ပေမယ့် ယခုနေးရှင်းလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။
ပြင်သစ်အသင်းနဲ့ အီတလီ အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး ပြင်သစ် အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ဒုတိယပိုင်းပွဲကစားချိန် ၅၅ မိနစ်မှာ အိုလီဆေးကသွင်းယူပေးခဲ့ကာ အီတလီအသင်းအတွက်သွင်းဂိုး တစ်ဂိုးကိုတော့ ၆၈ မိနစ်မှာ ဘာစတိုနီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အိမ်ရှင်အဖြစ်ဧည့်ခံကစားခဲ့ရတဲ့ ပြင်သစ်အသင်းဟာ နိုင်ပွဲရရှိရေးကြိုးပမ်းရင်း ဒုတိယပိုင်း ပွဲကစားချိန် ၈၅ မိနစ်မှာ အူပါမီကာနို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရလို့ ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ အိုလီဆေးဟာ ယခုနှစ်အတွင်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် ၁၅ ပွဲမှာ သွင်းဂိုး ၁၄ ဂိုးအထိ ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
နည်းပြဇီဒန်းရဲ့ ပြင်သစ်အသင်းဟာ လက်ရှိယူအီးအက်ဖ်အေနေးရှင်းလိဂ်သုံးပွဲကစားပြီးချိန်မှာ ရမှတ် ၇ မှတ်အထိ စုဆောင်းနိုင်ခဲ့လို့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေတာ ဖြစ်ပါတယ်။
ငွေကြယ်


