ပင်နယ်တီအဆုံးအဖြတ်နဲ့ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး ကိုပါအီတာလီယာဖလားကို နာပိုလီ သိမ်းပိုက်ခဲ့

mdn

၁၈ ဇွန်

 

ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲအဖြစ် နာပိုလီအသင်းနှင့် ဂျူဗင်တပ် အသင်းတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ နာပိုလီအသင်းက ဂျူဗင်တပ်အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကိုပါအီတလာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

 

နှစ်သင်းစလုံးမှာ ပထမပိုင်းနှင့် ဒုတိယပိုင်းအထိ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ နာပိုလီအသင်းက လေးဂိုး - နှစ်ဂိုးဖြင့် ဂျူဗင်တပ်အသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နာပိုလီအသင်းမှာ ၂၀၁၄ နောက်ပိုင်း ပထမဆုံး ကိုပါအီတာလီယာဖလားကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။

 

ဂျူဗင်တပ်အသင်းနည်းပြ ဆာရီမှာ ဂျူဗင်တပ်နည်းပြဘဝ  ဖလားလုပွဲ(၂)ကြိမ် ဆင်နွှဲရာမှာ (၂)ကြိမ်စလုံး အရေးနိမ့်ခဲ့ရသည်။ ပြီးခဲ့တဲ့ဒီဇင်ဘာလက အီတလီစူပါဖလားမှာ လာဇီယိုအသင်းကို အရေးနိမ့်ပြီး ဆုဖလားနှင့် လွှဲချော်ခဲ့ရသလို အခုနောက်ထပ်ပြည်တွင်းဖလားတစ်လုံးကိုပါ ထပ်မံဆုံးရှုံးလိုက်ရသည်။

 

MDN