အောက်တိုဘာ ၁၅
UN-Habitat Myanmar အရ ပင်လယ်ရေအောက်တွင် တစ်ပိုင်းတစစီဖြစ်နေသော သန္တာကျောက်တန်းအပိုင်းအစများ ပြန်လည်ရှင်သန်ကြီးထွားရန်အတွက် သန္တာကျောက်ခင်းများ နှင့် ပင်လယ်ရေအောက်တွင် ငါးများခိုလှုံနိုင်ရန်အတွက် ငါးကွန်ဒို ကိုးခု ကို ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်ကမ်းခြေအနီး ငှက်ကျွန်းနှင့် တောင်ကျွန်းအနီးတစ်ဝိုက်တွင် တပ်ဆင် ပေးခဲ့ကြောင်း သိရသည်။
သန္တာကျောက်တန်းများကို ထိန်းသိမ်းရန်နှင့် ငါးများအတွက် ပင်လယ်ရေအောက် ခိုလှုံရာပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ရည်ရွယ်၍ အဆိုပါတပ်ဆင်ခြင်းလုပ်ငန်းများကို Myanmar Underwater Organization က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သန္တာကျောက်တန်းများသည် ငါးသတ္တဝါများနှင့် အခြားသောရေသတ္တဝါများအတွက် ခိုလှုံရာဖြစ်သည့်အပြင် ကန်းရိုးတန်းလူ့အသိုက်အဝန်း၏ အသက်မွေးဝမ်းကျောင်းအတွက် လည်း အထောက်အကူပြုသည်။ ထို့အပြင် ရေကြောင်းဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် အခြားသောလုပ်ငန်းများဖြစ်သည့် ကမ်းခြေသန့်ရှင်းရေး၊ သန္တာကျောက်တန်းထိန်းသိမ်းမှု အသိပညာပေးအစီအစဉ်များနှင့် ပင်လယ်ရေအောက်စောင့်ကြည့်ခြင်းများကို ၂၀၁၇ မှစတင်၍ လုပ်ဆောင်ရွက်ခဲ့သည်။ ငါးများသည် ငါးကွန်ဒိုများအတွင်း စတင်ခိုလှုံနေထိုင်လျက်ရှိကြပြီး သားပေါက်ခြင်းများကိုပင် စတင်နေပြီဖြစ်ကြောင်း UN-Habitat Myanmar က ဖော်ပြထား သည်။
UN-Habitat Myanmar က နှစ်ရှည်စောင့်ကြည့်ခြင်းနှင့် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် သန္တာကျောက်တန်းများ ပြန်လည်ထိန်းသိမ်းရန်အတွက် အရေးပါပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုပါ ပူးပေါင်းဆောင်ရွက်နိုင်ရန် အလေးပေး ပြောထားသည်။
လက်ရှိတွင် သန္တာကျောက်တန်းများ ရှင်သန်ရပ်တည်နိုင်မှုသည် စွန့်ပစ်ထားသော ငါးဖမ်းပိုက်ကွန်များ၊ ငါးဖမ်းလုပ်ငန်းနှင့် သင်္ဘောကျောက်ချခြင်းတို့ကြောင့် ထိခိုက်မှုအပါအဝင် ရေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုစသည့် အရေးကြီးသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
MDN
ကိုးကား- GNLM


