ပင်လည်ဘူးမြို့၌ ပေါ့ဆမီးကြောင့် လူနေအိမ် ၅ လုံး ပျက်စီးဆုံးရှုံး

ပင်လည်ဘူး  ၃၁ မတ်


  
စစ်ကိုင်းတိုင်းဒေသကြီး၊  ပင်လည်ဘူးမြို့နယ်၊ ဝါးယူးသာကျေးရွာတွင်  ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က ပေါ့ဆမီးကြောင့် လူနေအိမ် ၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

bda

 

မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးနေတိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သွားရောက်ပြီး ကျေးရွာပြည်သူများနှင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

9967

 

အဆိုပါ ပေါ့ဆမီးကြောင်း  မီးစတင်လောင်ကျွမ်းသော ဝါးယူးသာကျေးရွာ ဒေါ်မချိုနေအိမ်အပါအဝင် လူနေအိမ် ၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူများထိခိုက်မှု မရှိကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)