ပင်လောင်း ဩဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာန တို့ပူပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်နှိမ်နင်းရေး အသိပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်သူ့ကျန်းမားရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဝင် ဦးစိုင်းဆိုင်နွံက အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ခွေးရူးရောဂါ ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်သွားမည့်နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက် ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါဖြစ်တတ်သည့် လက္ခဏာများအကြောင်းနှင့် ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


