ပန်းတောင်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပန်းတောင်းမြို့နယ်စားအုန်းဆီ ဖြန့်ဝေရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ၊ လက်ကား အရောင်းဆိုင်များအား ရည်ညွှန်းစျေးဖြင့် ရောင်းချမှုရှိ၊ မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ထုံးဘိုမြို့ရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များမှ ပြည်သူ့ အရောင်းဆီများအား ပြည်သူများထံသို့ ရည်ညွှန်းစျေးအတိုင်း အပြည့်အဝရောင်းချပေးမှု ရှိ၊ မရှိ၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချမှု ရှိ၊ မရှိနှင့် စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)


