ပခုက္ကူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ကိုယ်ပိုင်ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်အားကစားကွင်း၌ ပြုလုပ်သည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် အမေ့အိမ်နှင့် ရာပြည့်စံကိုယ်ပိုင်ကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အမေ့အိမ်ကိုယ်ပိုင်ကျောင်းက အနိုင်ရဗိုလ်စွဲသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းနိုင်စိုး၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယက၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများက တံခွန်စိုက်(ပထမ)ဆု၊ ဒုတိယဆုနှင့်တတိယဆုများ၊ အသန့်ရှင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


