ပခုက္ကူမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ပခုက္ကူ     စက်တင်ဘာ    ၁၃

မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲစဉ်အဖြစ် Royal United FC အသင်းနှင့် Great One FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Great One FC အသင်းက အနိုင်ရ ဗိုလ်စွဲသည်။

ထို့နောက်  ခရိုင်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်   အလှူရှင်များက တံခွန်စိုက်(ပထမ)ဆု၊  ဒုတိယဆုနှင့် တတိယဆုများ၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများ၊ တစ်ပွဲတည်း သုံးဂိုးနှင့်အထက် သွင်းယူသောအားကစားသမားများအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)