ပခုက္ကူ စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅၃ ဒသမ ၅ သန်းဖြင့် ပခုက္ကူမြို့ အမှတ်(၁၀)ရပ်ကွက် ဗိုလ်ချုပ်လမ်းသွယ်မှ ရွှေပေါက်ပင် တိုက်လမ်းအထိ ကျောင်းတော်ရာလမ်း အုတ်ရေမြောင်းနှင့်မြောင်းဖုံးတည်ဆောက်ခြင်း (ပေ ၂၃၀၊ ၄ ပေ၊ ၃ ပေ ၆ လက်မ)လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို စက်တင်ဘာ ၃ ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


