အောက်တိုဘာ ၁၅
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခွါ ပြည်နယ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်း၏ ခေါင်မိုးပြိုကျမှုကြောင့် ကျောင်းသား ၁၇ ဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ဆေးရုံသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဆိုပါခေါင်မိုးပြိုကျမှုကြောင့် ကျောင်းသားအများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။ အပျက်အစီးများကြားမှ ထိခိုက်ဒဏ်ရာရသူများကို ပြန်လည်ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းနှင ့်ပြိုကျမှု၏အကြောင်းရင်းကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် အဆောက်အအုံခေါင်မိုးများနှင့် အဆောက်အအုံများ ပြိုကျမှုသည် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဘေးကင်းလုံခြုံရေးစံနှုန်းများ အားနည်းခြင်းနှင့် အရည်အသွေးမမီသော ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုခြင်းတို့သည် ထိုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများ ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


