ပီရူးနိုင်ငံတွင် ဓာတ်ငွေ့ထရပ်ကား ပေါက်ကွဲမှုဖြစ်ပွား လူ တစ်ဦးသေဆုံး၊ ၅၀ ဦး ဒဏ်ရာရ

၂၄ ဇန်နဝါရီ

 

ပီရူးနိုင်ငံ လီမာမြို့တော်၏ လူနေထူထပ်ရာဒေသတွင် ယမန်နေ့အစောပိုင်းက ဓာတ်ငွေ့တင် ထရပ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ တစ်ဦးသေဆုံးပြီး အခြား ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင့် ဒေသန္တရ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ထို ထရပ်ကား ပေါက်ကွဲမှုကြောင့် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပေါ်ခဲ့ပြီး Villa del Mar ရိပ်သာလမ်း နှင့် Pastor Sevilla လမ်းဆုံ၌ နေအိမ် ရှစ်လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့သည်ဟု လီမာမြို့တော် တောင်ပိုင်းရဲတပ်ဖွဲ့ နှစ်ဖွဲ့၏ ဌာနခွဲ အကြီးအကဲ ဂျူအန် ဂါအိတ်က ပြောကြားခဲ့သည်။

 

အဆိုပါ ထရပ်ကားသည် ထရပ်ဂတ်စ် ကုမ္ပဏီပိုင်ကားဖြစ်ပြီး စက်ပြင်ဆိုင်ကို ဝင်တိုက်မိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏အစီရင်ခံစာအရ သိရသည်။

 

လူ ၂၀ ခန့် ပြင်းထန်သည့်မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းတို့ကို ဗီလာအယ်လ်ဆယ်ဗာဒါ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး နောက်ထပ် ဒါဇင်ရှိသောလူများမှာလည်း ကုသမှုခံယူနေကြသည်ဟု မြို့တော်မိုဘိုင်းအရေးပေါ်ကုသရေးစနစ်မှ ကာလို့စ် မာလ်ပီကာ က ပြောကြားခဲ့သည်။

 

ထိုထရပ်ကားပေါက်ကွဲမှုကြောင့် အရွယ်မရောက်သေးသူ ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အထူးကုသမှုခံယူရန်  အမျိုးသားကလေးများ ကျန်းမာရေးအဖွဲ့အစည်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပီရူးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာက ပြောကြားခဲ့သည်။

 

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် နောက်ထပ် မတော်တဆမှုများ မဖြစ်ပွားစေရန် ထိုဝန်းကျင်ဒေသတွင် လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ထားခဲ့ကြောင်း ထိုဒေသတွင် လုပ်ကိုင်နေသော မီးဝန်ဆောင်မှု ကုမ္ပဏီ က ကာလစ်ဒါ က ပြောကြားခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို