ပီအက်စ်ဂျီအသင်း ယခုဘောလုံးရာသီ ပြင်သစ်ပထမတန်းပြိုင်ပွဲ၌ ဒုတိယမြောက်နိုင်ပွဲရရှိ

ပီအက်စ်ဂျီအသင်းဟာ စက်တင်ဘာ ၂၀ ရက်ညပိုင်းက မာဆေးလ်အသင်းရဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာကြောင့် ယခု ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ပြင်သစ် ပထမတန်းပြိုင်ပွဲ၌ ဒုတိယမြောက်နိုင်ပွဲရရှိခဲ့ပြီဖြစ်ပါတယ်။

မာဆေးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်မှာ အဝေးကွင်းကို လာရောက်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ပွဲကစားချိန် ၆၆ မိနစ်မှာ ဖာရန်တောရက်စ်ကတစ်ဂိုး၊  ၇၄ မိနစ်မှာ မာကွင်ဟိုကတစ်ဂိုးသွင်းယူပေးခဲ့ပြီး မာဆေးလ်အသင်းအတွက် ချေပဂိုး တစ်ဂိုးကိုတော့ ဒုတိယပိုင်းပွဲကစားချိန် ၇၂ မိနစ်မှာ ဂိုမက်စ်က သွင်းယူပေးခဲ့တာဖြစ် ပါတယ်။

မာဆေးလ်အသင်းဟာ ချေပဂိုးထပ်မံရရှိရေးကြိုးစားခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၇၇ မိနစ်မှာ တီမိုသီဝီယာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ကစားသမား တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ  မာဆေးလ်အသင်းကို  အနိုင်ရရှိခဲ့တာကြောင့်   ပြင်သစ်ပထမတန်းဖလား ပွဲစဉ်(၅) ယှဉ်ပြိုင်ကစားပြီးချိန်မှာ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊   တစ်ပွဲရှုံး  ရမှတ်ရှစ်မှတ်နဲ့  အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မာဆေးလ်အသင်းကတော့ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်(၅)အပြီး အဆင့်(၁၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။      

ငွေကြယ်