ဖြူးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်

ဖြူး စက်တင်ဘာ ၃၀

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ ရေကြီးရေလျှံမှုကိုကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုအောက်ရှိ ဖြူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် သဘာဝဘေးဖြစ်သော ရေကြီးရေလျှံမှုကို ကာကွယ်ရန်အတွက် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာ မြို့တွင်းရှိ အဓိကပင်မ ရေနုတ်မြောင်းများ၊ ရေနုတ်မြောင်းသွယ်များအား ရေစီးရေလာကောင်းမွန်စေရေး ဌာနပိုင်စက်ယန္တရားများ​ဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးဝင်းက လုပ်ငန်းများစနစ်တကျ ဖြစ်ရေးစီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)