တိုကျို ဩဂုတ် ၃၀
ဂျပန်မိုးလေဝသ အေဂျင်စီသည် ဖူကူအီခရိုင်ရှိ ဖူကူအီ၊ အိုနိုနှင့် ကတ်ဆုယာမာမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်သောကြောင့် ပြည်သူများအား ဘေးအန္တရာယ်ကင်းသည့် နေရာများသို့ အမြန်ဆုံးတိမ်းရှောင်ကြရန် တိုက်တွန်းထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီသည် အဆိုပါဒေသအတွက် အရေးပေါ်သတိပေးချက်အဆင့်(၅)ကို ထုတ်ပြန်ထားသည်။ အဆိုပါသတိပေးချက်မှာ အေဂျင်စီ ၏ သတိပေးချက်စနစ်တွင် အမြင့်ဆုံးသတိပေးချက်အဆင့်ဖြစ်ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဖူကူအီခရိုင်ရှိ အချို့နေရာများတွင် မြစ်ရေလျှံမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။
တာဝန်ရှိသူများက ဒေသခံများအား ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် တိုက်တွန်းထားပြီး ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်ရန် အန္တရာယ်ရှိပါက အဆောက်အအုံ၏ ပိုမိုမြင့်မားသောအထပ်များသို့ ရွှေ့ပြောင်းနေထိုင်ကြရန်လည်း အကြံပြုထားသည်။
အင်န်အိတ်ချ်ကေ


