ဖြူး အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ မြစ်၊ ချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ဖြူးချောင်း တံတားအောက် ဖြူးချောင်း သဘာဝရေပြင်၌ ပြုလုပ်သည်။
ထိုသို့ ငါးမျိုးစိုက်ထည့်ရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင် နှင့်အဖွဲ့ဝင်များ၊ ပဲခူးငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးကျော်စွာဝင်း၊ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ငါးခုံးမကြီး တစ်သိန်း၊ ငါးမြစ်ချင်း တစ်သိန်း စုစုပေါင်း ငါးသားပေါက် နှစ်သိန်းတို့ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


