ဖနွမ်းပင်မြို့တွင် Zero Fake News Media Forum and Award Contest 2026 ကျင်းပ

ဖနွမ်းပင်၊ စက်တင်ဘာ ၁၇

သတင်းတုသတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းအချက်အလက် ခိုင်မာမှန်ကန်မှု မြှင့်တင် ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆွေးနွေးရန် ရည်ရွယ်သည့် Zero Fake News Media Forum and Award Contest 2026 ကို စက်တင်ဘာ ၁၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Sun and Moon Riverside Hotel ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနမှ အကြီးအကဲ H.E. Kan Pharidh၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ဝန်ကြီး Mr. Jiang Nan၊ ပြန်ကြားရေးဝန်ကြီး H.E. Neth Pheaktra နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအဝင် စုစုပေါင်း လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြ သည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ စီမံကိန်းဒါရိုက်တာ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ဝန်ကြီး၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနမှ အကြီးအကဲနှင့် ပြန်ကြားရေးဝန်ကြီးတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ ကြသည်။

ဖိုရမ်တွင် “မဲခေါင်-လန်ချန်းဒေသအတွင်း သတင်းတုသတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်း အချက်အလက် ခိုင်မာမှန်ကန်မှု ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် အဖွဲ့လိုက်ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး “မဲခေါင်-လန်ချန်း နိုင်ငံများ၏ သတင်းတုသတင်းမှားများ တိုက်ဖျက်ရေးဆိုင်ရာ ကောင်းမွန်သည့် လုပ်ထုံးလုပ်နည်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။ ထို့အပြင် အခမ်းအနား၏ အစီအစဉ်တစ်ရပ်အဖြစ် ဆုပေးပွဲကိုလည်း ကျင်းပခဲ့သည်။

အဆိုပါဖိုရမ်သည် တာဝန်ယူမှုရှိသော သတင်းမီဒီယာလုပ်ငန်း၊ တီထွင်ဖန်တီးမှုရှိသော အကြောင်းအရာများ ထုတ်လုပ်မှု၊ မီဒီယာနှင့် ဒစ်ဂျစ်တယ်စာတတ်မြောက်မှု၊ ပြည်သူများ၏ အသိပညာမြှင့်တင်မှု၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက် ခိုင်မာမှန်ကန်မှုတို့ ကို မြှင့်တင်ခြင်းအားဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် မဲခေါင်-လန်ချန်းဒေသတစ်ဝန်း သတင်းတုသတင်းမှား များကို ကိုင်တွယ်ဖြေရှင်းရေးအတွက် စုပေါင်းကြိုးပမ်းမှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ပြီး ကျင်းပ ခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားကိုလည်း သတင်းတုသတင်းမှားများနှင့် သတင်းအချက်အလက် မမှန်ကန်မှု များကို ကိုင်တွယ်ဖြေရှင်းရာတွင် သက်ဆိုင်သူများအကြား ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ရန်နှင့် ဒေသတွင်း ပိုမိုတာဝန်ယူမှုရှိပြီး အသိပညာပြည့်ဝသော သတင်းအချက်အလက် ဆိုင်ရာ ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

MDN