ဖင်လန်နိုင်ငံကို လာတဲ့သူတွေအား ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးသန့် နေထိုင်မလား၊ ထောင်ထဲ သွားနေမလားလို့ ကြေညာ

၁၁ ဩဂုတ်

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုများတဲ့ နိုင်ငံတွေကနေ ဖင်လန်နိုင်ငံကို လာရောက်သူတွေကို ၁၄ ရက် ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးသန့်စောင့်ကြည်မှုအောက်မှာ နေထိုင်မလား၊ ထောင် ၃ လ ချမှတ်ခံမလား သို့မဟုတ် ဒဏ်ငွေ ပေးဆောင်ချင်လားလို့ တနင်္လာနေ့က ကျန်းမာရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။

 

 

နိုင်ငံကို လာရောက်လည်ပတ်တဲ့ အရှေ့ဉရောပ နိုင်ငံတွေနဲ့ ဘော်လကန်ဒေသ နိုင်ငံများမှ လာရောက်သူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခြင်း သို့မဟုတ် ဖင်လန်ကို ရောက်ရောက်ခြင်း ရောဂါပိုး စစ်ဆေးခံဖို ငြင်းဆိုခြင်းတွေ လုပ်ဆောင်တဲ့အတွက် အခု ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

 

အခု ကြေညာချက်ကိုလည်း အမြန်ဆုံး အသက်ဝင်အောင် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး က ပြောပါတယ်။

 

 

ပြီးတဲ့ ၇ ရက် အတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့သူ ၁၃၅ ဦး ရှိလာဟာ အံ့အားသင့်စေကြောင်းနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတာဟာ နိုင်ငံခြားကနေ လာရောက်သူတွေကြောင့်လို့ ကျန်းမာရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

 

 

ဖင်လန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လုံခြုံတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံ ၂၅ နိုင်ငံထဲမှာ အိုင်ယာလန်၊ ဂျပန်၊ ဂရိ၊ ဆိုက်ပရစ်နဲ့ ဉရုဂွေး နိုင်ငံတေွလည်း ပါဝင်တာကို တွေ့ရပါတယ်။

 

 

ဖင်လန်နိုင်ငံဟာ ဉရောပနိုင်ငံ တွေထဲမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ အနည်းဆုံး နိုင်ငံတွေမှာ ပါကြောင်း၊ လူဦးရေ တစ်သိန်းမှာ သုံးဦးသာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား- AFP

2356