ဖိလစ်ပိုင်နိုင်ငံ၌ မြေပြိုမှုကြောင့် လေးဦးသေဆုံး၊  ခြောက်ဦးပျောက်ဆုံး

ဩဂုတ် ၁၀

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းရှိ ဘာဂီယိုမြို့တွင် မြေပြိုမှုကြောင့် နေအိမ်သုံးလုံးမြေအောက်သို့ပိမိသွားခဲ့ပြီး လူလေးဦးသေဆုံး၊ ခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံမီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါမြေပြိုမှုသည် ဘာဂီယိုမြို့၊ ဘာရန်ဂေး ဂွီဆက် ဆူရွန်ရှိ ရေးဗားဆိုက်ဒ်တွင် ယမန်နေ့ ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦးမြေဖုံးလွှမ်းခံခဲ့ရကြောင်းနှင့် ယနေ့နံနက်အထိ အပျက်အစီးများထဲမှ ခုနစ်ဦးကို ဆွဲထုတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

သေဆုံးသူများတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက်ကိုးနှစ်အရွယ် နှစ်ဦးနှင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ပါဝင်ပြီး အသက်ရှင်ကျန်ရစ်သူ သုံးဦးကို ဆေးရုံတင်ထားရသည်ဟု သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များက မိုးသည်းထန်စွာရွာသွန်းမှုများ ရံဖန်ရံခါဖြစ်ပေါ်နေသည့်ကြားတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကာ မိသားစု ၁၄ စု၊ လူဦးရေ စုစုပေါင်း ၆၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး နောက်ထပ်  ခုနစ်ဦး ကျေးရွာခန်းမတွင် ခိုလှုံလျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို