ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ဆရာဝန် ကိုးဦး သေဆုံး

၂၆ မတ်

 

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးCOVID 19 ကူးစက်ခံရတဲ့ ဆရာဝန် ကိုးဦး သေဆုံးကြောင်း၊ အဓိက တာဝန်ယူနေတဲ့ ကျန်းမာရေးလုပ်သားတွေမှာ ကာကွယ်ရေးပစ္စည်းအလုံအလောက် မရှိကြောင်း ကျန်းမာရေးအဖွဲ့က ဒီနေ့ (ကြာသပတေးနေ့)မှာ ပြောကြားလိုက်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ အဓိက ကျွန်းဖြစ်တဲ့ လူဇွန်မှာ လူဦးရေ ၅၅ သန်း နေထိုင်ပါတယ်။ အဲဒီကျွန်းမှာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို တားဆီးရန် အသွားအလာ ပိတ်ပင်ထားတာ သီတင်း နှစ်ပတ်မြောက် ရှိနေပြီ ဖြစ်ပေမယ့် ကျန်းမာရေးလုပ်သားတွေက အဲဒီမှာ စိုးရိမ်ရသေးကြောင်း သတိပေးပြောကြားပါတယ်။

 

မနီလာရှိ ဆေးရုံကြီး သုံးခုက သူတို့ဆေးရုံမှာ လက်ခံနိုင်တဲ့ လူနာပြည့်သွားပြီဖြစ်တဲ့အတွက် လူနာသစ်တွေကို လက်မခံနိုင်ကြောင်း မနေ့က ကြေညာထားပါတယ်။

 

ကျန်းမာရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌက ဆရာဝန်တွေ ကိုယ်မှာ ဗိုင်းရပ်စ်ပိုးရှိချင်ရှိနေမှာ သူတို့ကို အရင် စမ်းသပ်ရမယ်။ ခုနှစ်ရက်ပြည့်ပြီး နောက်မှာ တခါထပ်ပြီး စမ်းသပ်ရမယ်လို့ ပြောပါတယ်။

 

ဆေးရုံမှာ ရောဂါပိုးရှိတယ်လို့ သံသယရှိတဲ့အတွက် ရာချီတဲ့ ကျန်းမာရေး လုပ်သားတွေဟာ ၁၄ ရက် သီးသန့်ခွဲခြားနေထိုင်နေကြရတဲ့ အတွက် လူနာတွေ လက်မခံတာဖြစ်တယ်လို့ ဆေးရုံတွေက ပြောပါတယ်။

 

အင်္ဂါနေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း လက္ခဏာပြတဲ့အတွက် လူ၂၀ဝ၀ နီးပါးကို စစ်ဆေးထားကြောင်း၊ အဲဒီထဲက အသက်အရွယ်ကြီးသူနဲ့ မိခင်လောင်းတွေပါ ပါဝင်တဲ့အတွက် စိုးရိမ်စရာ အခြေအနေလို့ ပြောပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်COVID19 ကူးစက်ခံရသူ ၇၀၇ ဦး ရှိပြီး သေဆုံး ၄၅ ဦးကြောင်း မတ် ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

MDN

ကိုးကား -AFP