ဖိလစ်ပိုင်နိုင်ငံဒေသအချို့၌  သဘာဝဘေးများကြောင့် စာသင်ကြားခြင်းရပ်နားထားရ

မနီလာ    ဩဂုတ်    ၁၇

ဖိလစ်ပိုင်နိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းများကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့သဖြင့် မက်ထရိုမနီလာဒေသနှင့် ဒေသ ၁၂ ခုတွင် ကျောင်းသားများကိုယ်တိုင် တက်ရောက်သင်ကြားရမည့် စာသင်ခန်းများအား  ရပ်နားထားရန် အစိုးရက  ညွှန်ကြားခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဩဂုတ် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ညွှန်ကြားချက်ထုတ်ပြန်

သဘာဝဘေးခံစားရသည့်ဒေသများရှိ ကျောင်းများနှင့် ဌာနအဖွဲ့အစည်းများကို မရှိမဖြစ်လုပ်ငန်း ဆောင်ရွက်ရမည့် ဌာနများမှအပ တိုက်ရိုက်လုပ်ငန်းဆောင်ရွက်ခြင်းမှ ရပ်နားထားရန် သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

မြို့ကြီး ၅၀ တွင် သဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာထားကြောင်း မြို့ပြကာကွယ်ရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ နိုင်ငံအတွင်း ရေကြီးရေလျှံမှုထိန်းချုပ်ရေး အခြေခံအဆောက်အအုံများအား စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် သဘာဝဘေးတုံ့ပြန်ရေးဆောင်ရွက်ရာတွင် အာနည်းချက်များရှိခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ