၂၄ ဩဂုတ်
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆူလူပြည်နယ်တွင် ယနေ့ မွန်းတည့်ချိန် ဝန်းကျင်ခန့်က ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူ ကိုးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့က ပြောကြားသည်။
ကနဦး သတင်းအရ ပထမဗုံး ပေါက်ကွဲမှုမှာ မွန်းတည့် ၁၂ နာရီ ဝန်းကျင်တွင် ဆူလူပြည်နယ်မြို့တော် ဂျိုလိုရှိ လူစည်ကားရာ လမ်းတစ်လျှောက်ရှိ ကုန်စုံဆိုင် တစ်ဆိုင်ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု စစ်ဘက်က ဆိုသည်။
ပထမ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တစ်နာရီခန့် အကြာတွင် ပထမ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာမှ မီတာ ၇၀ အကွာ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းတွင် ဒုတိယမြောက် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို