ဖိလစ်ပိုင် မင်ဒနောင်းကျွန်းတွင် ပြင်းအား ၆ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်

၂၉ အောက်တိုဘာ

 

 

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒနောင်းကျွန်းတွင် ယနေ့မနက်ပိုင်းက ပြင်းအား ၆ ဒသမ ၆ ပမာရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု သိရသည်။

 

 

မင်ဒနောင်းကျွန်း၏မြို့တော် ဒါဗောင်း၏ အနောက်တောင်ဘက် ၈၀ ကီလိုမီတာ အကွာတွင် လှုပ်ခဲ့သည်ကို တွေ့ရှိကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး အဖွဲ့က ဆိုသည်။ ခန့်မှန်းခြေအားဖြင့် ၁၅ ဒသမ ၃ ကီလိုမီတာ အနက်ရှိသည်ဟု ဖော်ပြထားသည်။

 

 

ဆူနာမီ သတိပေးချက် မရှိကြောင်း ပစိဖိတ်ဆူနာမီ သတိပေးစင်တာက ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို