မနီလာ စက်တင်ဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံ အနောက်ဘက်ကမ်းလွန်ရေပြင်တွင် ခရီးသည်တင်သင်္ဘောတစ်စင်း မီးလောင်ခဲ့ရာ အနည်းဆုံး ငါးဦး သေဆုံးပြီး ၈၆ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
မနီလာမြို့တော်မှ ထွက်ခွာလာသော အဆိုပါ ခရီးသည်တင်သင်္ဘောသည် အနောက်ပိုင်းပြည်နယ် ပါလာဝမ်ရှိ ကိုရွန်အပန်းဖြေကျွန်းအနီး ရေပြင်တွင် ခုတ်မောင်းသွားလာလျက်ရှိစဉ် ယခုကဲ့သို့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏ ရုပ်သံမှတ်တမ်းများတွင် သင်္ဘောတစ်စင်းလုံး မီးတောက်ကြီးများဖြင့် ပြည့်နှက်လျက်ရှိကြောင်း သိရသည်။
သင်္ဘောပေါ်တွင် ခရီးသည်ပေါင်း ၁၃၄ ဦး လိုက်ပါစီးနင်းခဲ့ပြီး လက်ရှိအချိန်အထိ ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း မိုးလေဝသအခြေအနေဆိုးရွားခြင်းနှင့် ရေစီးသန်ခြင်းတို့ကြောင့်လုပ်ငန်းစဉ်များ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


