ဖားကန့်၊ ပြင်ဦးလွင်၊ အမရပူရနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဇူလိုင်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာနေ ဇော်ဝင်း၏ နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၅ ပြား သိမ်းဆည်းရမိပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာနေ မမာနန်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၅၀ တို့ကိုလည်းကောင်း။

 

အလားတူ ထိုနေ့ နံနက် နံနက် ၉ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ် မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်သွား ကားလမ်း၊ မိုင်တိုင်အမှတ် (၂၀)အနီးတွင် အောင်နိုင်ဦး မောင်းနှင်လာသော မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ် အက်စစ် ၉,၇၂၀ လီတာ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ ပြည်ကြီးမင်္ဂလာ ကားဝင်းအတွင်းရှိ ကုန်လှောင်ရုံ (C)လမ်းနှင့် (E)လမ်းကြားတွင် ရပ်တန့်ထားသည့် ၁၂ ဘီးမော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်မောင်းအားတွေ့ရှိခြင်းမရှိဘဲ ယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ် အက်စစ် ၁၀,၀၈၀ လီတာကို လည်းကောင်း။

 

ယင်းနေ့  နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ခရစ်ယာန်ဘုရားကျောင်း ဘေးလမ်းမပေါ်တွင် ဇော်ထူး(ခ)စပါး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီတွင် တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်နေ အိုက်ဆမ်၏ နေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား