နော်ဝေအသင်းနဲ့ ပေါ်တူဂီအသင်းတို့ စက်တင်ဘာ ၂၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ်အေနေးရှင်း လိဂ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက နော်ဝေအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းက ပထမပိုင်းပွဲကစားချိန် ၁၇ မိနစ်မှာ ရရှိခဲ့တဲ့ ဂျာအိုဖီးလစ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး နော်ဝေအသင်းက ဒုတိယပိုင်းပွဲကစားချိန် ၅၁ မိနစ်မှာ ဟာလန်းရဲ့ သွင်းဂိုးကြောင့် ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် ၅၄ မိနစ်မှာ ကွန်ဂါလိုရာ မို့စ်ရဲ့ သွင်းဂိုးထပ်မံရရှိခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဟာလန်းအနေနဲ့ အခုပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့လို့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၂ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး နော်ဝေအသင်းနဲ့အတူ နိုင်ငံတကာသွင်းဂိုး ၆၅ ဂိုးအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ နော်ဝေအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူအီးအက်ဖ်အေနေးရှင်းလိဂ် နှစ်ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ နှစ်ပွဲစလုံး အနိုင်ရရှိခဲ့လို့ ရမှတ်ခြောက်မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပြီး နော်ဝေအသင်းက ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


