ပေါက်ခေါင်း စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ စားသုံးဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ရည်ညွှန်းစျေးနှုန်းအတိုင်း နေ့စဉ်ဗီနိုင်း ချိတ်ဆွဲရောင်းချစေရေး၊ အလေးချိန် ပြည့်မီရေးနှင့် ရည်ညွှန်းစျေးပေါ်မူတည်၍ စျေးနှုန်းမြှင့်ရောင်းချမှုမပြုရန်နှင့် ဆီထုတ်ကိုယ်စားလှယ်မှ သတ်မှတ်စျေးနှုန်းအပေါ်တွင်သာရောင်းချရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


