ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူများအတွက် တွက်ခြေကိုက်သည့် ဆီထွက်သီးနှံပဲပုပ်များကို နှစ်စဉ် ပြောင်းလဲအစားထိုးစိုက်ပျိုးနိုင်ရေး မြို့နယ်များအလိုက် စီမံသွားရန် တိုင်းဒေသကြီးဝန်ကြီးချုပ် မှာကြား

ပဲခူး ဩဂုတ် ၆

 

ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူများအတွက် တွက်ခြေကိုက်သည့် ဆီထွက်သီးနှံပဲပုပ်များကို နှစ်စဉ်ပြောင်းလဲအစားထိုးစိုက်ပျိုးနိုင်ရေး မြို့နယ်များအလိုက် စီမံသွားရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားသည်။

 

ထို့ပြင် ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သတ်မှတ်စီမံချက်ပါအတိုင်း တိုးချဲ့မွေးမြူနိုင်ရေး ကြိုးစားဆောင်ရွက်ရန်လည်း တိုက်တွန်းမှာကြားခဲ့ သည်။

 

အဆိုပါအစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းနှင့် ပြည်ပသို့ တင်ပို့နေမှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်မည့် အစီအမံများ၊ မြို့နယ်အလိုက် မိုးသီးနှံစိုက်ပျိုးထားရှိမှုနှင့် ရေကြီး ရေလျှံခြင်းနှင့် ရေရှားပါးမှု မဖြစ်ပေါ်စေရေး ကြိုတင် စီမံဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)