ပဲခူး ဇူလိုင် ၁၉
ပြည်သူလူထုအား ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ခွဲ)နှင့် ဒေဝယက္ခတိုင်းရင်းဆေးလုပ်ငန်း တို့က တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းကုသခြင်းကို ပဲခူးမြို့နယ် ကျောက်တန်းကျေးရွာ ပန်းပျိုးလက်ဘုန်းတော်ကြီးသင် စာသင်ကျောင်း၌ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်သိန်းသိန်းဦးက အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးမြို့ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးဆောင်သည့် ကွင်းဆင်း ဆေးကုသရေးအဖွဲ့က လာရောက်ပြသသော ပြည်သူများအား တစ်ဦးချင်းအလိုက် ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ကာ တိုင်းရင်းဆေးအခမဲ့ကုသခြင်း၊ ဆေးဝါး အခမဲ့ဖြန့်ဝေ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


