ဩစတြေးလျကမ်းခြေမှာ သောင်တင်နေတဲ့ ဝေလငါးတွေထဲမှ အနည်းဆုံး ၃၈၀ သေဆုံး

၂၃ စက်တင်ဘာ

ဩစတြေးလျ နိုင်ငံတောင်ပိုင်းရှိ ကမ်းခြေတစ်ခုမှာ သောင်တင်နေတဲ့ ဝေလငါးတွေထဲမှ အနည်းဆုံး ၃၈၀ သေဆုံးကြောင်း ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။

တက်စ်မေးနီးကမ်းခြေမှာ သောင်တင်နေတဲ့ ဝေလငါးတွေထဲမှ အသက်ရှင်အောင် ကယ်ဆယ်နိုင်တဲ့ ပမာဏာဟာ ဆယ်ဂဏန်းသာရှိကြောင်းနဲ့ သေဆုံးတဲ့အရေအတွက်မှာ ၃၈၀ ရှိကြောင်း တက်စ်မေးနီးယား သဘာဝတောရိုင်းကာကွယ်ရေးအဖွဲ့မှ မန်နေဂျာ နစ်ဒါကာက ပြောပါတယ်။

သောင်တင်နေတဲ့ ဝေလငါးတွေကို ကယ်ဆယ်နေတဲ့အဖွဲ့ဝင်ပေါင်း ၆၀ ရှိပြီး အဲဒီထဲမှာ လုပ်ငန်းကျွမ်းကျင်းတဲ့ သူတွေနဲ့ ဒေသခံတံငါသည်တွေပါဝင်ကြောင်း သိရပါတယ်။ သောင်တင်နေတဲ့ ဝေလငါးတွေထဲက အကောင် ၃၀ က အသက်ရှင်လျက်တွေ့ရှိပေမယ့် သတင်းကောင်းအနေနဲ့ အကောင် ၅၀ ကို ကယ်ဆယ်နိုင်ကြောင်း မန်နေဂျာ ဒါကာက ပြောပါတယ်။

တက်စ်မေးနီးယားကျွန်းမှာ သောင်တင်နေတဲ့ ဝေလငါးတွေ မကြာခဏတွေ့ရှိရပေမယ့် အခုလောက်များတဲ့ ပမာဏကို မတွေ့ဖူးတာ ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ ပထမဦးဆုံး ပြန်လည်တွေ့ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်ပိုင်းမှာ ၁၉၉၆ ခုနှစ်က ဝေလငါး ၃၂၀ လောက် သောင်တင်ဖူးကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP