ဩစတြေးလျ သတင်းစာ အစောင်ရေ ခြောက်ဆယ် ထုတ်ဝေမှု ရပ်ဆိုင်း

၁ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် ကြော်ငြာကျဆင်းတဲ့အတွက်  ဩစတြေးလျဒေသတွင်း သတင်းစာ အစောင်ရေ ၆၀ နီးပါး ထုတ်ဝေမှု ရပ်ဆိုင်းမယ်လို့ News Corp ဩစတြေးလျ က ဒီကနေ့ ကြေညာလိုက်ပါတယ်။

 

နယူးဆောက်ဝေးလ်၊ ဗစ်တိုးရီးယား၊ ကွင်းစ်လန်း နဲ့ ဆောက်ဩစတြေးလျ ပြည်နယ်တွေမှာ ထုတ်ဝေနေတဲ့ သတင်းစာတွေကို ရပ်ဆိုင်းပြီး အွန်လိုင်းသတင်းစာဘဲ ထုတ်ဝေမယ် လို့ News Corp က ပြောပါတယ်။

 

News Corp ဩစတြေးလျရဲ့ဥက္ကဌ မိုက်ကယ် မီလာက အခုလိုမျိုးဆုံးဖြတ်ဖို့ဆိုတာ ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဟာ စီးပွားရေးအပေါ် ရိုက်ခတ်မှုရှိကြောင်း အလုပ်တွေကို တတ်နိုင်သမျှ လုပ်နိုင်အောင် ဆောင်ရွက်နေကြောင်း ပြောပါတယ်။

 

ဂူဂယ်နဲ့ ဖေ့စ်ဘုတ်က ကြော်ငြာလုပ်ငန်းတွေမှာ လွှမ်းမိုးလာစဉ် သတင်းဌာနတွေမှာ ကြော်ငြာတွေ ကျဆင်းလာတဲ့အတွက် အမြတ်အစွန်းတွေ နည်းပါးလာတာကို တွေ့ရပါတယ်။

 

MDN
ကိုးကား AFP