နယူးကာဆယ်က ပေါ်တူဂီကလပ် ဘရာဂါဂိုးသမား ဟော်နီချက်ခ်ကို ခေါ်ယူ

ပရီမီယာလိဂ်ကလပ် နယူးကာဆယ်အသင်းသည်  ပေါ်တူဂီကလပ်  ဘရာဂါအသင်းဂိုးသမား လူးကပ်စ်ဟော်နီချက်ခ်ကို စာချုပ်ဖျက်သိမ်းကြေး  ပေါင်  ၂၅ ဒသမ ၇ သန်းပေးချေကာ စိန့်ဂျိမ်းပတ်ခ်သို့ ခေါ်ယူလိုက်ပြီဖြစ်သည်။

နယူးကာဆယ်အသင်းသည် ယခုနွေရာသီ အပြောင်းရွှေ့ကာလတွင် ရိမ်းစ်အသင်းဂိုးသမား အူဝမ် ဂျာအူအအမ်(၂၀ နှစ်)ကို ခေါ်ယူထားပြီးဖြစ်သော်လည်း နံပါတ်တစ် ဂိုးသမားနေရာအတွက် ဟော်နီချက်ခ်ကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် ချက်ဇ်ဂိုးသမား ဟော်နီချက်ခ်သည် နယူးကာဆယ်အသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်ကိုချုပ်ဆိုကာ စပိန်နိုင်ငံတွင်  ရာသီအကြိုလေ့ကျင့်ရေးပြင်ဆင်နေသည့် အသင်းဖော်သစ်များနှင့် ပူးပေါင်းသွားဖွယ်ရှိသည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် လက်စွမ်းပြသထားနိုင်သော ဂိုးသမားတစ်ဦးဖြစ်ပြီး ၁၂ ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ကာအသင်းကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့   ပို့ဆောင်နိုင်အောင် ကူညီပေးထားနိုင်သည်။

နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့် ပရီမီယာလိဂ် ၃၈ ပွဲတွင် ၁၄ ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ရမှတ် ၄၉ မှတ်နှင့်အတူ ရာသီပိတ်သိမ်းချိန်တွင် အဆင့်(၁၂)နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ 

အောင်ဇော်