နယ်သာလန်အသင်းက ဆားဘီးယားအသင်းကို အနိုင်ရပြီး အုပ်စုထိပ်ဆုံးတက်လှမ်း

နယ်သာလန်အသင်းနဲ့ ဆားဘီးယားအသင်းတို့ အောက်တိုဘာ ၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်မှာ နယ်သာလန်အသင်းက နှစ်ဂိုး - တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် သွင်းဂိုးတွေကို ကူမီးနားစ်နဲ့ ဇက်ဇီတို့က သွင်းယူပေးခဲ့ပြီး ဆားဘီးယားအသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုတော့ ဗက်ကိုဗစ်က သွင်းယူပေးခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ ဆားဘီးယားအသင်းကို အနိုင်ရရှိခဲ့တာကြောင့်  လေးပွဲကစား၊ နှစ်ပွဲနိုင်၊   နှစ်ပွဲသရေ၊  ရမှတ် ရှစ်မှတ်ဖြင့် အုပ်စုထိပ်ဆုံးကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

နည်းပြဇာဗီဟာ နယ်သာလန်အသင်းကို စတင်တာဝန်ယူကိုင်တွယ်တဲ့‌ လေးပွဲစလုံး ရှုံးပွဲမရှိ‌သေးသလို အသက် ၃၅ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဗန်ဒိုက်ကလည်း အခုပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့လို့ နယ်သာလန်အသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့  နိုင်ငံတကာပွဲစဉ် စုစုပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဆားဘီးယားအသင်းကတော့ လေးပွဲကစားပြီးချိန်မှာ လေးပွဲစလုံး ရှုံးနိမ့်ခဲ့လို့ အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ငွေကြယ်