နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၇

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု စက်မှုဇုန်-လင်ဖုံလေး ကျေးရွာချင်းဆက် ကျောက်လမ်း ၁ မိုင်အနက် ၄ ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်း တစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စု၊ နိုးကိုးကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ လူဦးရေ ၆၃၀၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည့်အပြင် ဒေသထွက်ကုန်ပစ္စည်းများကို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်