နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၈၀) နှစ်အထက် အဘိုး/အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

 

နတ်မောက် အောက်တိုဘာ ၂၈

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် အဘိုး/အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် စမ်းသပ်စစ်ဆေး ကုသမှုများ ပြုလုပ်ခဲ့ကြသည်။

 

မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး (၁) ဆရာကြီးနှင့် ကျန်းမာရေး ဆရာ/ ဆရာမများက မြို့နယ်အတွင်းရှိ လာရောက်ပြသသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၅၄) ဦးအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဆိုင်ရာများ စစ်ဆေးခြင်းနှင့် အခြေခံရောဂါရှာဖွေ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများကို အခမဲ့ပေးအပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ လှဝင်း(ပြန်/ဆက်)