အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်း ထိုင်းနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်   ဩဂုတ်   ၆

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် သြဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် နှစ်သုတ်ခွဲ၍ သွားရောက်ခဲ့ပြီး သြဂုတ် ၆ ရက် ညနေပိုင်းမှစ၍ ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌ လေ့ကျင့်လျက်ရှိသည်။ မြန်မာ့လက် ရွေးစင်အသင်းသည် ဒဏ်ရာရကစားသမားအချို့မှလွဲ၍  ကျန်ကစားသမားအားလုံး  ခေါ်ဆောင် သွားပြီး ပွဲပယ်ခံထားရသည့် မောင်မောင်လွင်လည်း အသင်းဖော်များကို အားပေးရန် လိုက်ပါလာကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲတွင် သုံးပွဲကစား ခြောက်မှတ်ရထားပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် သြဂုတ် ၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၌ ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်း သည် အုပ်စုအဖွင့်ပွဲတွင် မလေးရှားအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို အဝေးကွင်း၌ လေးဂိုး-တစ်ဂိုး၊ လာအိုအသင်းကို အိမ်ကွင်း၌ ခုနစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-စိုးညွန့်သော်