ညောင်ဦးမြို့ ၊ ပုဂံမြို့ဟောင်းသွားလမ်းတွင် ကားနှင့်စက်ဘီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး

ညောင်ဦး   ၂၆   ဇန်နဝါရီ       

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့ ၊ အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက် နဂါးကျစ်ဘိုးဘွားရိပ်သာအနီး  ပုဂံမြို့ဟောင်းသွား ကားလမ်းတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ကားနှင့် စက်ဘီး မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၆ ရက် ၊ နံနက် ၁၁ နာရီအချိန်ခန့်က ညောင်ဦးမြို့ ၊ အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက်ရှိ နဂါးကျစ် ဘိုးဘွားရိပ်သာအနီး ပုဂံမြို့ဟောင်းသွားကားလမ်းတွင် ကားနှင့် စက်ဘီး မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ဦးမြို့မရဲစခန်းမှ ဒုရဲအုပ် ရီမွန်အောင်နှင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ ညောင်ဦးမြို့တွင်းမှ ပုဂံမြို့ဟောင်းသွားလမ်း နဂါးကျစ်ဘိုးဘွားရိပ်သာရှေ့တွင် အနောက်မှ အရှေ့သို့ ယာဉ်မောင်း ဝင်းအောင် မောင်းနှင်လာသောကားနှင့် အရှေ့မှ အနောက်သို့ အောင်ကိုကို စီးနင်းလာသော ပြိုင်ဘီးအမျိုးအစား အနက်ရောင်စက်ဘီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြပြီး အောင်ကိုကိုတွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

သေဆုံးမှုနှင့် ပတ်သက်ပြီး ယာဉ်အားမဆင်မခြင် မောင်းနှင်သော ဝင်းအောင် အား ညောင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။   

ရဲဝင်းနိုင်(ညောင်ဦး)