ညောင်လေးပင် စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မင်းယုက အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းဆရာများက သင်ကြားပို့ချပေးခဲ့ကြသည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် ညောင်လေးပင်မြို့နယ်အတွင်း ကောက်ယူရရှိသော တိရစ္ဆာန်ကောင်ရေစာရင်းကိုအခြေပြု၍ တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် ဒေသတွင်းစားရေရိက္ခာဖူလုံ ပိုလျှံစေရန်၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကို တစ်ရက်ကြာစာတွေလက်တွေ့ သင်ကြားပို့ချပေးခဲ့ကြသည်။
သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများ စုစုပေါင်း ၁၀၆ ဦး တက်ရောက်ကြပြီး ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာ ၁၀၀ ကို ကွင်းဆင်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)


