နေပြည်တော် စက်တင်ဘာ ၁၉
နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရေး၊ နိုင်ငံတော်အတွက် လိုအပ်သည့်နည်းပညာများ အထောက်အကူပြုနိုင်ရေးတို့အတွက် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် Polytechnic University များ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေးသည်။
တက္ကသိုလ်များအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်နားလည်တတ်မြောက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန် နိုင်ငံတကာအဆင့်မီ သင်ထောက်ကူပစ္စည်းများ အသုံးပြုနေမှု၊ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှု၊ တက္ကသိုလ်၏ သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်ကြားသင်ယူမှုကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ဆောင်ရွက်နေမှု၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan များရေးဆွဲ၍ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


