နည်းပညာအသုံးပြု အွန်လိုင်းသင်ထောက်ကူအပလီကေးရှင်းများ တီထွင်ထုတ်လုပ်နေသည့် ဓာတ်သင်ပုန်းကုမ္ပဏီကို နစ်ကီးသတင်းဌာနက ဆုချီးမြှင့်

တိုကျို ၈ ဇန်နဝါရီ

 

မြန်မာနိုင်ငံမှ ပညာသင်ကြားသူများ 32020Argumented Reality (AR) ဟုခေါ်သည့် သုံးဘက်မြင် နည်းပညာအသုံးပြုပြီး အွန်လိုင်းသင်ထောက်ကူ အပလီကေးရှင်းများကို တီထွင်ထုတ်လုပ်နေသည့် မြန်မာနိုင်ငံမှ 360ed ဓာတ်သင်ပုန်းကုမ္ပဏီကို ဂျပန်နိုင်ငံအခြေစိုက် Nikkei သတင်းဌာနက Nikkei Asian Review Award for Excellence ဆုချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။

 

360 ed ဓာတ်သင်ပုန်း ကုမ္ပဏီသည် (AR) နည်းပညာဖြင့် Flashcard Application သုံးခု ထုတ်လုပ်ထား သည်။ ပထမနှစ်ခုသည် ၁၀ တန်းကျောင်းသူ၊ ကျောင်းသားများအတွက်ဖြစ်ပြီး ပညာရေးဌာနက ပြဋ္ဌာန်း ထားသည့် သင်ရိုးများကိုအခြေခံ၍ ဇီဝဗေဒနှင့်ဓာတုဗေဒပညာရပ်များနှင့် ဆိုင်သည့် အပလီကေးရှင်းနှစ်ခု ပါဝင်ကာ မေးခွန်းများနှင့် ဗီဒီယိုဂိမ်း များကစားနိုင်ပြီး ကျောင်းသင်ခန်းစာများကို လေ့ကျင့်နိုင်သည့် ဆော့ဖ်ဝဲလ်များလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။ တတိယတစ်ခုသည် ပထမတန်းကျောင်းသူ၊ ကျောင်းသားများအတွက် AR နည်းပညာသုံး အင်္ဂလိပ်စာလုံးပေါင်းများ အပြင် ရုပ်ပုံများပါ ထည့်သွင်းပေးထားကြောင်း သိရသည်။

 

ယခုနည်းပညာကို အသုံးပြုပြီး ဓာတ်သင်ပုန်းကုမ္ပဏီအဖြစ် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ မလှလှဝင်း နှင့် ဆီလီကွန်တောင်ကြားမှ မိတ်ဆွေအချို့က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၌ သင်ထောက်ကူနည်းပညာအဖြစ် အသုံးပြုနိုင်ရန် ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် တရားဝင် မိတ်ဆက်ခဲ့သည်။ 360 ed ပညာရေး အထောက်အကူပြု လုပ်ငန်း၏ အမှုဆောင်အရာရှိချုပ် မလှလှဝင်း ကို စက်တင်ဘာ ၂၄ ရက်က နယူးယောက်အခြေစိုက် The Schwab Foundation ရန်ပုံငွေအဖွဲ့ က ၂၀၁၉ ခုနှစ်အတွက် လူမှုစွန့်ဦးတီထွင်ဆု ကိုလည်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

နစ်ကီအေးရှန်းရီဗျူး