နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြောကြားသည့် မိန့်ခွန်း

mdn

ရန်ကုန်  ၂ နိုဝင်ဘာ 

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယနေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိပြီးတာဝန်ရှိသူများနှင့် အတူ နံနက် ၁၀နာရီ ၁၅ မိနစ်တွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)တည် ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

နိုင်ငံတော်သမ္မတကပြည်ထောင်စုဝန်ကြီးနှင့် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တို့၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့သည် နိုင်ငံတော်အတွက် အဓိကကျပြီးစီးပွားရေးအရလည်းအရေးပါသော မြို့ကြီးတစ်မြို့ဖြစ်သည့် အား လျော်စွာလမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံသူနိုင်ငံသားများအတွက် အချိန်ကုန်လူပန်း သက်သာစေရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆိုပါ တံတားစီမံကိန်းဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သော ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်သံအမတ်ကြီးအပါအဝင် တာဝန်ရှိသူများအားအထူးကျေးဇူးတင်ရှိ ကြောင်းကို အလေးအနက်ထားပြောကြားလိုပါကြောင်း၊ တံတားကြီးအားသတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ တည်ဆောက်ကြမည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အင်ဂျင်နီယာပညာရှင်များ၏ အရည်အသွေးများကိုဖော်ထုတ်ပြသပြီး စံနမူနာ ကောင်းတစ်ခုအဖြစ် ကျန်ခဲ့စေလိုပါကြောင်း၊တံတားကြီး၏ ကုန်ကျမည့်စရိတ်နှင့်ညီမျှသည့် အကျိုးအမြတ်ကို နိုင်ငံသူနိုင်ငံသားများရရှိစေလိုပါကြောင်း၊ ယခုတံတားကြီးအား တည်ဆောက် ပေးခြင်းအပြင် သန်လျင်ဘက်ကမ်းရှိသီလဝါအထူးစီးပွားရေးဇုန်နှင့် Myanmar International Terminals Thilawa (MITT)တို့ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမှုများကို အမြန်ဆုံး ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

 

(သတင်းစဉ်)