နိုင်ဂျီးရီးယားတွင် လာဆာ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၃ ဦးရှိ

၂၆ ဖေဖော်ဝါရီ

 

နိုင်ဂျီးရီးယားနိုင်ငံတွင် နောက်ဆုံးဖြစ်ပွားသော လာဆာရောဂါကြောင့် သေဆုံးသူ ၁၀၃ ဦးအထိ ရှိလာပြီး သေဆုံးမှုနှုန်းမှာ ၁၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း နိုင်ဂျီးရီးယားရောဂါထိန်းချုပ်ရေး စင်တာ က ယမန်နေ့က ပြောကြားခဲ့သည်။

 

နောက်ဆုံးဖြစ်ပွားသော သေဆုံးမှုနှုန်းသည် ၂၀၁၉ ခုနှစ် အလားတူကာလက သေဆုံးမှုနှုန်း ၂၁ ဒသမ ၁ ရာခိုင်နှုန်းထက် လျော့နည်းသည်ဟု  ကျန်းမာရေးအာဏာပိုင်မျာက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

ကြွက်များ၏ တံတွေး၊ ဆီး နှင့် ကျင်ကြီးကျင်ငယ်များသည် လူသားများနှင့် ထိတွေ့သည့်အခါ လာဆာရောဂါ  ဖြစ်ပွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

7

 

အဆိုပါ လာဆာရောဂါသည် ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေး အချက်အချာဖြစ်သော လာဂို့စ်မြို့အပါအဝင် ပြည်နယ် ၂၆ ခုထက်မနည်း သည် ထိုရောဂါ ကူးစက်ခံခဲ့ရသည်။

 

လတ်တလော ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အချက်အလက်အရ ထိုနိုင်ငံတွင် လာဆာရောဂါသည် ဇန်နဝါရီလမှဧပြီလအတွင်း ခြောက်သွေ့သောရာသီတွင် ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို