နိုက်ဂျီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး ယာဉ်မတော်ဆမှုကြောင့် ကွယ်လွန်

၁၅ ဇူလိုင်

 

 

နိုက်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး တိုက်ခိုက်ရေး ရဟတ်ယာဉ်မှူးဖြစ်သူ တိုလူလိုဒ့် အာရိုတာလီ သည် ကာဒူနာပြည်နယ် အနောက်မြောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် ဉီးခေါင်းကို ထိခိုက်ဒဏ်ရာ ရရှိကာ ဇူလိုင်၁၄ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း နိုက်ဂျီးရီးယား လေတပ်မှ ထုတ်ပြန်ခဲ့သည်။

 

 

နိုက်ဂျီးရီးယားမြောက်ဘက် အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်များကို ဖယ်ရှားရန် ကြိုးပမ်းသည့် အစီအစဉ်များထဲတွင် အသက်၂၀ ကျော်အရွယ် ‌အာရိုတာလီသည် ပါဝင်ခဲ့ကြောင်း လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

သူမ၏ တာဝန်ထမ်းမှု အချိန်မှာ တိုတောင်းသော်လည်း အကျိုးသက်ရောက်မှုရှိကြောင်း နိုက်ဂျီးရီးယား တပ်မတော်က ပြောကြားခဲ့သည်။

 

 

၂၀၁၇ ခုနှစ်တွင် နိုင်ဂျီးရီးယား တပ်မတော်တွင် လူငယ် လေယာဉ်မှူးများကို အရာရှိအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

 

 

နိုက်ဂျီးရီးယားနိုင်ငံတွင် တိုက်လေယာဉ်ဖြင့် ပထမဆုံး ပျံသန်းသည့် အမျိုးသမီး လေယာဉ်မှူးဖြစ်ပြီး အာရိုတာလီသည် နိုက်ဂျီးရီးယား လေတပ်မတော်တွင် သူ၏ စိတ်အားထက်သန်မှုကြောင့် အသိအမှတ်ပြုခံရပြီး လူကြိုက် အများဆုံးသူ ဖြစ်လာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်