နီပေါနိုင်ငံသို့ စက်တင်ဘာလအတွင်း နိုင်ငံတကာခရီးသွားများဝင်ရောက်မှုမြင့်တက်

အောက်တိုဘာ ၂

နီပေါနိုင်ငံသို့ စက်တင်ဘာလအတွင်း နိုင်ငံတကာခရီးသွား ဝင်ရောက်မှုသည် ယခင်နှစ် အလားတူကာလကထက် ၁၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ယနေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အဆိုပါအစီရင်ခံစာအရ စက်တင်ဘာလအတွင်းနိုင်ငံတကာခရီးသွား စုစုပေါင်း ၈၈၂၄၈ ဦး ဝင်ရောက်ခဲ့ရာ ယခင်နှစ် အလားတူကာလက  ၇၈၇၁၁ ဦး ဝင်ရောက်မှုထက် မြင့်တက်လာခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံမှ ခရီးသွားများ ၁၇၄၂၅ ဦး လာရောက်လည်ပတ်မှုရှိရာ  ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး စုစုပေါင်းလာရောက်လည်ပတ်မှု၏ ၁၉ ဒသမ ၇၅ ရာခိုင်နှုန်း ရှိသည်။

အစီရင်ခံစာတွင် ခရီးသွားဝင်ရောက်မှု တိုးတက်လာခြင်းသည် နီပေါနိုင်ငံအပေါ် ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့် ဘဝတစ်လျှောက် အမှတ်တရဖြစ်စေမည့် ခရီးသွားနေရာတစ်ခုအဖြစ် မြှင့်တင်ရန် အရှိန်အဟုန်ရရှိလာခြင်းကို ထင်ဟပ်စေသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို