နီပေါနိုင်ငံ၌ ရွှံ့နွံပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်ပနိုင်ငံသား ၅၉၀ ပျောက်ဆုံး

ခတ္တမန္ဒူ     ဩဂုတ်     ၃၁

နီပေါနိုင်ငံတွင် ရွှံ့နွံပြိုကျမှု  ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံနှင့်ဒေသ ၃၉ ခုရှိ ပြည်ပနိုင်ငံသား  ၅၉၀ ပျောက်ဆုံးနေကြောင်း နီပေါနိုင်ငံ  နိုင်ငံခြားရေး ဝန်ကြီးဌာနက ဩဂုတ်  ၃၁ ရက်တွင် ပြောကြားသည်။

အဆိုပါ ရွှံ့နွံပြိုကျမှုမှ ရုပ်အလောင်း ၉၀၃ ခုကို ပြန်လည်ရရှိခဲ့ကြောင်းနှင့် ဒေသခံ ၄၂၀၀ မှာ ပျောက်ဆုံးနေကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လော့ဗဟာဒူးပေါ်ဒယ် ချက်တရီက ပြောကြားသည်။

နီပေါနိုင်ငံရှိ   ပြည်ပသံးရုံးများအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်သည့် အချက်အလက်များအား မျှဝေပေးနေပြီး သက်ဆိုင်ရာနိုင်ငံများသို့ နိုင်ငံသားများပြန်လည်စေလွှတ်ရေးနှင့် သဘာဝဘေးဒဏ်ခံခဲ့ရသည့် နိုင်ငံသားများအတွက် အဆက်အသွယ်များရရှိရေး ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။ လက်ရှိအချိန်တွင် သဘာဝဘေးကျရောက်သည့်  ဒေသများမှ ဒေသခံ ၁၀၀၀၀ အား ကယ်တင်ခဲ့ပြီး ၎င်းတို့အနက် မှ ၃၂၃ ဦးမှာ  ပြည်ပနိုင်ငံသားများဖြစ်ကြောင်း သိရသည်။ လက်ရှိသဘာဝဘေးကျရောက်နေသည့် ကာလအတွင်း နီပေါအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်  နိုင်ငံတကာမှ အကူအညီများအား ရရှိခဲ့ကြောင်းနှင့်  တရုတ်၊  ဂျပန်၊  အိန္ဒိယ၊ အမေရိကန်နှင့် အခြားပြည်ပနိုင်ငံတို့မှ ကူညီခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ