ငါးသိုင်းချောင်းမြို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

ငါးသိုင်းချောင်း စက်တင်ဘာ ၁၆ 

 

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့တွင် ရေပြန်လည်ကျဆင်းသဖြင့် ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ဌာနဆိုင်ရာ ရုံးများနှင့် ရပ်ကွက်အတွင်းရှိလမ်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာ  ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူးတို့က အနီးကပ်ကြီးကြပ်ခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

 

စုပေါင်းသန့်ရှင်းရေးကို ကျုံပျော်ခရိုင်အတွင်းရှိ ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ပလကဖအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပါဝင်ဆောင်ရွက်ကြပြီး အမှိုက်များ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သိမ်းဆည်း ခြင်းများဆောင်ရွက်ကာ  လမ်းဘေး ဝဲ/ယာရှိရေမြောင်းနှင့် လမ်းများအား ထုံးဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

ငါးသိုင်းချောင်း(ပြန်/ဆက်)