အင်္ဂပူ ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မဉ္ဇူသင်းငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေးခြံကို ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ အင်္ဂပူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တို့က သွားရောက်ကြည့်ရှုလေ့လာရာ ပိုင်ရှင် မမဉ္ဇူသင်းက ငွေနှင်းမှို စိုက်ပျိုးမှုအခြေအနေနှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
အဆိုပါ စိုက်ပျိုးခြံရှိ ငွေနှင်းမှို ပေါင် ခြောက်ပေါင်တွင် မှိုမျိုးစေ့ထုပ် သုံးသောင်း စိုက်ပျိုးထားရှိပြီး စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း ၄၀ အကြာတွင် စတင်ခူးနိုင်ကာ တစ်ကြိမ်လျှင် ငါးပိဿာအထက် ထွက်ရှိကြောင်း၊ သုံးလခန့် ခူးဆွတ် နိုင်ပြီး တစ်ပိဿာ ငွေကျပ် တစ်သောင်းရှိကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


