ငွေကျပ်တန်ဖိုး သိန်းပေါင်း ၈၈၆၀ဝ ကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၆  ဇန်နဝါရီ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဝါဝါဝင်းလမ်း၊ အမှတ်(မ/၄)၊ (၄)လွှာနေ အောင်ရဲကျော်(ခ)ဖိုးခွား၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ဝ၀၁၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၄၀ ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်း‌ကောင်း၊ အလားတူ ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝမ်ကျန်ကျေးရွာအနီး၊ ကတ်ထိုက်- ကတ်တောင် ကျေးရွာသွားလမ်းတွင် လောတာ မောင်းနှင်ပြီး လီဆူလိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၈၄၀ဝ၀ တန်ဖိုးရှိ အိုက်စ် ၃၃၆ ကီလို၊ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (ခေါက်ဒင်) ၁ လက်၊ ၎င်းကျည် ၇၅ တောင့်၊ ၎င်းကျည်အိမ် ၃ ခု၊ လက်ကိုင်ဖုန်း ၂ လုံးနှင့်စကားပြောစက် ၁ လုံးတို့ကိုလည်းကောင်း၊ 

ထို့အတူ ယင်းနေ့ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ကျေးရွာအနီး၊ မယ်လိတ်ပါကော်-လွမ်းစေတီသွားလမ်း၊ သစ်ခေါက်ခြံတောလမ်းပေါ်၌ မော်တော်ဆိုင်ကယ် တစ်စီးနှင့် Toyota Hilux Vigo ယာဉ်တစ်စီးတို့ ရပ်တန့်ထားသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ဘေးမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀,ဝ၀ဝ ကိုလည်းကောင်း၊ အလားတူ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်-လွမ်းစေတီသွားလမ်း၊ သစ်ခေါက်ခြံအနီး၌ Toyota Hilux Vigo မော်တော်ယာဉ်တစ်စီး ရပ်တန့်ထားသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ကဖင်း ၁,ဝ၀ဝ ကီလိုစုစုပေါင်း ငွေကျပ်သိန်း ၄၆၀ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။  

(သတင်းစဉ်)