ငွေဆောင်မြို့၌ တရုတ်အစားအစာချက်ပြုတ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

ငွေဆောင် ဇူလိုင် ၁၉

 

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Vocational University of Science and Technologyနှင့် ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ငွေဆောင်မြို့ ယမုံနာဦးဟိုတယ်၌ ကျင်းပသည်။

 

ဦးစွာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်သူဦးက အမှာစကားပြောကြားပြီး တရုတ်နိုင်ငံမှ သင်တန်းနည်းပြ ဆရာ Mr. Feng Jian Lin က အမှတ်တရစကားပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်နှင့် ကျေးဇူးတင်လွှာများ၊ သင်တန်းတက်ရောက် အောင်မြင်ခဲ့သော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။  

ကျော်လင်းဦး(ပြန်/ဆက်)