India Technical and Economic Cooperation (ITEC) Programme အရ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် News and News Articles Writing သင်တန်းမှ သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများသည် ရုံးအမှတ်(၇)၊ ပြန်ကြားရေးဝန်ကြီးရုံးရှိ Online သတင်းဌာနတစ်ခုဖြစ်သည့် Myanmar Digital News သို့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက လာရောက်လေ့လာခဲ့သည်။
ထိုသို့လေ့လာရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက Myanmar Digital News ၏ လုပ်ငန်းဆောင်ရွက်နေပုံနှင့် သတင်းတင်ဆက်နေမှုတို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းနှင့် သင်တန်းနည်းပြများကလည်း သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဩဂုတ် ၃၁ မှ စက်တင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
MDN


